ပရီမီယံ တစ်ကြိမ်ပေးချေးငွေအသက်အာမခံ
ရည်ရွယ်ချက်
- ငွေချေးယူသူတစ်ဦးအနေဖြင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် ချေးယူထားသောငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် အာမခံအကာအကွယ်ပေး နိုင်ရန်
အာမခံအမျိုးအစား
- အာမခံထားငွေကိုတဖြည်းဖြည်းလျော့ချသည့် ပရီမီယံ ၁ ကြိမ်ပေးချေးငွေ အသက် အာမခံ (Decreasing Term Life Insurance) ပုံစံ
အာမခံထားနိုင်သူများ
- ပေါ်လစီရှင်− အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦ: (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း
- အာမခံထားသူ− အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီ အာမခံပေါ်လစီစည်း ကမ်းချက်များနှင့်အညီ အာမခံအကာအကွယ်ရရှိထားသော လူပုဂ္ဂိုလ်တစ်ဦး
- ဘဏ်များ/ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အသေးစားငွေချေးလုပ်ငန်းများမှ ငွေချေးယူသူများ
- အသက် ၁၈ နှစ်မှ ၆၂ နှစ်အတွင်းထားရှိနိုင်
- အာမခံသက်တမ်း− ၃ နှစ်မှ ၁၅ နှစ်အထိ (အသက် ၆၂ နှစ်ရှိသူများ ၃ နှစ် သက်တမ်း ထားနိုင်)
- ချေးငွေပေးဆပ်ရန် ကျန်ရှိနေသော သက်တမ်းနှင့် ကိုက်ညီထားရ
- အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံးကျပ်သန်း ၃၀၀ အထိ
- ၎င်းပမာဏထက်ပို၍ အာမခံထားရှိလိုပါက မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံ ကုမ္ပဏီအချင်းချင်း Co-Insurance ထားရှိနိုင်
- ချေးငွေအတိုးနှုန်းပြောင်းလဲလျှင် ‘လျှော့ချထားသော အာမခံထားငွေဇယား’အား ပြင်ဆင် ပြောင်းလဲ
ကျန်းမာရေးစစ်ဆေးခြင်း
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့်ဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန်များက ကျန်းမာရေးစစ်ဆေးချက်
- ဆေးစစ်ခကို မြန်မာ့အာမခံလုပ်ငန်းမှ ကျခံ
- ကျသင့်ပရီမီယံကို တစ်လုံးတည်း တစ်ကြိမ်တည်း ပေးသွင်းရန်
ရရှိမည့်အကျိုးကျေးဇူးများ
- (က) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ငွေချေးသည့်ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားငွေချေးလုပ်ငန်းများ မှချေးငွေပြန်လည်ရရှိခြင်း။
- (ခ) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူမိသားစုအနေဖြင့် အရစ်ကျဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလိုခြင်း။
- (ဂ) ပေးသွင်းသည့်ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။
ကော်မရှင်နှုန်းထား
- အာမခံကိုယ်စားလှယ်မှတစ်ဆင့်ဆောင်ရွက်နိုင်၊ ကော်မရှင်နှုန်း ၁ ကြိမ်တည်းပေး ပရီမီယံပေါ်မှ ၇ %
အကျိုးခံစားခွင့်များ
- သေဆုံးမှုအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေဇယားအရ (အလောင်း ရှာမတွေ့ပါက ၂ နှစ်စောင့်ဆိုင်း၊ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း လိုအပ်)
- ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေ ဇယားအရ
- အမ်းငွေထုတ်ပေးခြင်း− အမ်းငွေနှုန်းထားဇယား (အမ်းငွေထုတ်ပေးခြင်းမပြုမီ အာမခံ ထားသူသေဆုံးခဲ့လျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ၁၂ (ဆ)နှင့် အညီထုတ်ပေး)
- အာမခံထားသူနှင့်ပေါ်လစီရှင်တို့၏ မှတ်ပုံတင်မိတ္တူ(သို့)အိမ်ထောင်စုစာရင်းမိတ္တူ လိုအပ်
အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ
- အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း
- အာမခံစသည့်နေ့မှ တစ်နှစ်အတွင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
- အောက်ပါတို့ကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ပါက အမ်းငွေကိုသာထုတ်ပေး
- ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ် ခြင်း
- မိမိကိုယ်ကိုသတ်သေခြင်းကြောင့်မသေဘဲထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
- အာမခံကိုယ်စားလှယ်ဆောင်ရွက်ခွင့်ရှိ၊ ကော်မရှင် ၁ကြိမ်တည်းပေး ပရီမီယံပေါ်မှ ၇%
- အာမခံတံဆိပ်ခေါင်းကပ်ရန်လို ၊ အာမခံထားသူမှ တံဆိပ်ခေါင်းဖိုးကျခံရန် (အာမခံထားငွေ ၁ သိန်းလျှင် ၃၀ ကျပ်နှုန်း)
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”