နှစ်တိုပရီမီယံ တစ်ကြိမ်ပေး ချေးငွေအာမခံ
ရည်ရွယ်ချက်
- ငွေချေးယူသူတစ်ဦးအနေဖြင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် ချေးယူထားသောငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် အာမခံအကာအကွယ်ပေး နိုင်ရန်
အာမခံအမျိုးအစား
- အာမခံထားငွေကိုတဖြည်းဖြည်းလျော့ချသည့် (Decreasing Sum Insured) ပုံစံ
- ပုံသေ (Fixed Sum Insured) ပုံစံ
အာမခံထားနိုင်သူများ
- ပေါ်လစီရှင်− အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦ: (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း
- အာမခံထားသူ− အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီ အာမခံပေါ်လစီစည်း ကမ်းချက်များနှင့်အညီ အာမခံအကာအကွယ်ရရှိထားသော လူပုဂ္ဂိုလ်တစ် ဦး
- ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အသေးစားငွေချေးလုပ်ငန်းများမှ ငွေ ချေးယူသူများ
- အာမခံထားသူနှင့် ပေါ်လစီရှင်တို့၏မှတ်ပုံတင်မိတ္တူ(သို့)အိမ်ထောင်စုစာရင်းမိတ္တူ လိုအပ်
- အသက် ၁၈ နှစ်မှ ၆၄ နှစ်အတွင်းထားရှိနိုင်
- အာမခံသက်တမ်း− ၁ နှစ်၊ ၂ နှစ်
အာမခံထားရှိနိုင်သည့်ငွေပမာဏ
- အနည်းဆုံးကျပ် ၁ သိန်းမှ အများဆုံးကျပ်သန်း ၁၀၀ အထိ
- ၎င်းပမာဏထက်ပို၍ အာမခံထားရှိလိုပါက မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံ ကုမ္ပဏီအချင်းချင်း Co-Insurance ထား ရှိနိုင်
ကျန်းမာရေးစစ်ဆေးခြင်း
- အာမခံထားငွေကျပ် ၁ သိန်းမှ ကျပ်သိန်း ၃၀ အထိ အာမခံထားသူ၏ ကျန်းမာကြောင်း ဝန်ခံချက်
- အာမခံထားငွေကျပ်သိန်း ၃၀ အထက် အာမခံထားသူသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှအသိအမှတ်ပြုသည့် ဆေးရုံ၊ ဆေးခန်းများမှ ဆရာဝန်များ၏ ကျန်းမာရေး စစ်ဆေးမှုခံယူရန်
- ဆေးစစ်ခကို မြန်မာ့အာမခံလုပ်ငန်းမှ ကျခံ
- တစ်ဦးချင်း အဆိုလွှာ/အစုအဖွဲ့ဖြစ်ပါက အဆိုလွှာပါအကြောင်းအရာများပါဝင်သော စာရင်းဇယားဖြင့်လက်ခံ
- အာမခံထားသူ၏အသက်၊ အာမခံသက်တမ်းနှင့်အာမခံထားငွေအမျိုးအစား ပေါ်မူတည်၍ ပရီမီယံတွက်ချက်
- ကျသင့်ပရီမီယံကို တစ်လုံးတည်း တစ်ကြိမ်တည်း ပေးသွင်းရန်
- အကျိုးခံစားခွင့်လွှဲပြောင်းခြင်း− အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ကြောင့် ရရှိမည့်အကျိုးခံစားခွင့်ကို တရားဝင်ထုတ်ယူခံစားခွင့်ရှိသော အာမခံစာချုပ်ပါ လူပုဂ္ဂိုလ် (သို့) တရားဝင်အဖွဲ့အစည်း
ရရှိမည့်အကျိုးကျေးဇူးများ
- (က) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန် စွမ်းဖြစ်ခဲ့လျှင် ငွေချေးသည့်ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားငွေချေးလုပ်ငန်းများ မှ ချေးငွေပြန်လည်ရရှိခြင်း။
- (ခ) မမျော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူမိသားစုအနေဖြင့် အရစ်ကျဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလိုခြင်း။
- (ဂ) ပေးသွင်းသည့်ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။
- အာမခံကိုယ်စားလှယ်မှတစ်ဆင့်ထားရှိနိုင်၊ ကော်မရှင်ကို ၁ ကြိမ်တည်းပေးပရီမီယံပေါ် မှ ၅ %
အကျိုးခံစားခွင့်များ
- သေဆုံးမှုအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေဇယားအရ/ ပုံသေအာမခံ ထားငွေ (အလောင်းရှာမတွေ့ပါက ၂ နှစ်စောင့်ဆိုင်း၊ မျက်မြင်အားဖြင့် သွားလာလှုပ် ရှားမှုမရှိကြောင်း လိုအပ်
- ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်− လျော့ချထားသော အာမခံထားငွေဇယားအရ/ ပုံသေအာမခံထားငွေ
သေဆုံး/ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ
- ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရဖြစ်အောင်ပြုလုပ်ခြင်း
- မိမိကိုယ်ကိုသတ်သေခြင်းကြောင့်ဖြစ်ခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ခြင်း
- ဘေးအန္တရာယ်ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်ခြင်း
- ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်ခြင်း
- အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ဖြစ်ခြင်း
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”