သူတစ်ပါးထိခိုက်မှုအာမခံ

၁-၇-၁၉၇၆ မှစ၍ မည်သည့်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်းဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ် ပိုင်ရှင်မှ ပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ်ဖြစ်ပါသည်။

          ၁-၈-၂၀၁၆ ရက်နေ့တွင် ပရီမီယံနှုန်းနှင့် နစ်နာကြေးနှုန်းထားများအား ပြင်ဆင် သတ်မှတ်ခဲ့ပါသည်။ ပြင်ဆင်သည့်ပရီမီယံနှုန်းများမှာ တင်ဆောင်နိုင်သည့် ဦးရေနှင့် တန်ချိန်အလိုက် ခွဲခြားသတ်မှတ်၍ ကိုယ်ပိုင်ယာဉ်ဆိုလျှင် အနိမ့်ဆုံး ကျပ် ၅၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၀၀၀၀/-၊ အငှားယာဉ်ဆိုလျှင် အနိမ့် ဆုံး ကျပ် ၁၀၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၅၀၀၀/- သတ်မှတ်ထားပါသည်။ ပြင်ဆင်သတ်မှတ်သည့် နစ်နာကြေးနှုန်းမှာ စက်တပ်ယာဉ်ထိခိုက်မှုကြောင့် လူတစ်ဦးသေဆုံးမှု အတွက် ကျပ် ၁၀ သိန်း၊ ဒဏ်ရာရမှုအတွက် အများဆုံး ကျပ် ၈ သိန်းနှင့် ပစ္စည်းပျက်စီး ဆုံးရှုံးမှုအတွက် ကျပ် ၅ သိန်း ဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးများကို လိုအပ်သောစာရွက်စာတမ်း အထောက်အထားများပြည့်စုံပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး/ခရိုင်ရုံးများ)တွင် နစ်နာကြေးအား ချက်ချင်း လာရောက် လျှောက်ထား ထုတ်ယူနိုင်ပါသည်။

နစ်နာကြေး တောင်းခံပိုင်ခွင့်ရှိသူများမှာ−

(၁) သေဆုံးသူသည် အိမ်ထောင်ရှိသူဖြစ်လျှင် သေဆုံးသူ၏ တရားဝင် ဇနီး(သို့မဟုတ်) ခင်ပွန်း
(၂) ဇနီး(သို့မဟုတ်) ခင်ပွန်း မရှိလျှင် သားသမီး
(၃) ဇနီး(သို့မဟုတ်) ခင်ပွန်း ၊ သားသမီး မရှိလျှင် မိဘ
(၄) ဇနီး(သို့မဟုတ်) ခင်ပွန်း ၊ သားသမီး ၊ မိဘ မရှိလျှင် ညီအစ်ကို မောင်နှမအရင်းအချာ (များ)
(၅) ဇနီး(သို့မဟုတ်) ခင်ပွန်း ၊ သားသမီး ၊ မိဘ ၊ ညီအစ်ကို မောင်နှမအရင်းအချာ (များ) မရှိလျှင် အနီးစပ်ဆုံးဆွေမျိုးတော်စပ်သူများ
(၆) သေဆုံးသူသည် အိမ်ထောင်မရှိလျှင် သေဆုံးသူ၏ မိဘ
(၇) မိဘ မရှိလျှင် ညီအစ်ကို မောင်နှမအရင်းအချာ (များ)
(၈) မိဘ ၊ ညီအစ်ကို မောင်နှမအရင်းအချာ (များ) မရှိလျှင် အနီးစပ်ဆုံး ဆွေမျိုး တော်စပ်သူ များ ဖြစ်ပါသည်။

နစ်နာကြေးတောင်းခံရာတွင် အကျုံးမဝင်သည့် အချက်များ

(၁) ဆိုင်ကယ်မစီးရနယ်မြေ၌ ဆိုင်ကယ်စီးနင်းစဉ် ထိခိုက်မှုကြောင့် သေဆုံးခြင်း/ ဒဏ်ရာ ရခြင်း
(၂) သတ်မှတ်ယာဉ်မောင်းလိုင်စင်မရှိဘဲ (သို့မဟုတ်) သက်တမ်းပြတ်လိုင်စင် (သို့မဟုတ်) အဆင့်မမီလိုင်စင်ကိုင်ဆောင်ပြီး စက်တပ်ယာဉ် မောင်းနှင်စဉ်  ထိခိုက်သေဆုံးခြင်း/ ဒဏ်ရာရခြင်း
(၃) ဆိုင်ကယ်အား (၂) ယောက်ထက်ပို၍ တင်ဆောင်မောင်းနှင်စဉ် ထိခိုက်မှု ဖြစ်ပြီး မောင်းသူ သေဆုံးခြင်း/ ဒဏ်ရာရခြင်း
(၄) ယာဉ်လိုင်စင်မရှိဘဲ မောင်းနှင်စဉ် ထိခိုက်မှုဖြစ်ပြီး မောင်းသူသေဆုံးခြင်း/ ဒဏ်ရာ ရခြင်း
(၅) အမြန်လမ်းပေါ်တွင် လမ်းဖြတ်ကူးခြင်း၊ ဆိုင်ကယ် စီးမောင်းခြင်း သေဆုံးခြင်း/ ဒဏ်ရာ ရခြင်း
(၆) ရထားမောင်းနှင်နေစဉ် ရထားပေါ် ခုန်တက်ခြင်း၊ ခုန်ဆင်းခြင်း ပြုလုပ်စဉ် သေဆုံးခြင်း/ ဒဏ်ရာရခြင်း
(၇) ရထားလမ်းအားဖြတ်ကူးခြင်း၊ ရထားလမ်းပေါ်တွင်အိပ်နေခြင်း တို့ကြောင့် သေဆုံးခြင်း နှင့် ဒဏ်ရာရရှိခြင်း
 (၈) အမှတ်မရှိဆိုင်ကယ်၊ နံပါတ်တပ်ထားသော (လိုင်စင်မဲ့) ဆိုင်ကယ်၊ အမှတ်မရှိယာဉ် ၊ နံပါတ်တပ်ထားသော (လိုင်စင်မဲ့)ယာဉ် နှင့် သက်တမ်းပြတ်နေသောယာဉ် / ဆိုင်ကယ် တို့အား ကိုယ်တိုင် မောင်းနှင်စဉ် သေဆုံးခြင်း (သို့မဟုတ်) ဒဏ်ရာရရှိခြင်း

စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများအတွက် နစ်နာကြေး တောင်းခံရာတွင် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) နှင့် နယ်ရုံးခွဲများမှ အခမဲ့ ထုတ်ပေးလျက်ရှိသည့် တောင်းခံလွှာပုံစံ၊ ပြည်သူ့ဆေးရုံအစီရင်ခံစာပုံစံ နှင့် ပြည်သူ့ရဲတပ်ဖွဲ့အစီရင်ခံစာပုံစံများနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။

သေဆုံးသူများအတွက်

(၁) သေဆုံးမှုလက်မှတ်မိတ္တူ (သို့မဟုတ်)ရင်ခွဲမှတ်တမ်းမိတ္တူ
(၂) တောင်းခံသူမှတ်ပုံတင်မိတ္တူနှင့် သေဆုံးသူ၊တောင်းခံသူနှင့် လွှဲအပ်သူအမည်များ ပါဝင် သော အိမ်ထောင်စုစာရင်းမိတ္တူ
(၃) ထိခိုက်မှုဖြစ်သောယာဉ်များ၏ ပရီမီယံစာအုပ်မိတ္တူ နှင့် ယာဉ်မောင်းသူဖြစ်ပါက သက်တမ်းရှိ /အဆင့်မှီ ယာဉ်မောင်းလိုင်စင်မိတ္တူ
(၄)
  • ရပ်ကွက်ထောက်ခံချက်
  • နစ်နာကြေးတောင်းခံသည်မှာမှန်ကန်ကြောင်း၊
  • အိမ်ထောင်စုစာရင်းရှိရာ နေရာတွင် နေထိုင်ခြင်းမရှိပါက လက်ရှိနေထိုင်သော နေရာ          တွင် နေထိုင်ကြောင်း ထောက်ခံချက်
  • သေဆုံးသူသည် ကလေးဖြစ်ပြီး အိမ်ထောင်စုစာရင်းတွင် မထည့်ရသေးပါက အရှင်မွေး လက်မှတ်မိတ္တူ(သို့မဟုတ်)ကျောင်းထောက်ခံချက်
  • အမွေဆက်ခံခွင့် ဦးစားပေးအစီအစဉ်အတိုင်းမဟုတ်ပါက ကတိဝန်ခံချက်မူရင်း
  • သေဆုံးသူ၊တောင်းခံသူနှင့် ၎င်းတို့၏ မိဘများ အမည်ကွဲလွဲမှုရှိပါက တစ်ဉီးတည်း ဖြစ်ကြောင်း ထောက်ခံချက်
  • မိခင်/ဖခင်သေဆုံးပြီး အိမ်ထောင်စုစာရင်းထဲ မဖျက်ထားပါက သေဆုံးကြောင်း ထောက်ခံချက်

ဒဏ်ရာရရှိသူများအတွက်

(၁) ဆေးရုံစာအုပ်မိတ္တူ
(၂) တောင်းခံသူမှတ်ပုံတင်မိတ္တူ
(၃) အသက်(၁၈)နှစ်မပြည့်သေးပါက မိခင်(သို့မဟုတ်)ဖခင်မှ တောင်းခံလျှင် သဘောတူ ကြောင်း ရပ်ကွက်ထောက်ခံချက်

မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်များအတွက် မြန်မာနိုင်ငံသားများ၏အကျိုးငှာ မတော်တဆ ထိခိုက်မှု ဖြစ်ပွားပါက နစ်နာဆုံးရှုံးမှုအကာအကွယ်များ ရရှိစေရန် ၁၉၉၇ ခုနှစ်မှစတင်၍ နယ်စပ်ဒေသ (မြဝတီ၊ မူဆယ်၊ တာချီလိတ်) အသီးသီးတွင် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ သီးခြားထားသတ်မှတ်ပြီး လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

မှတ်ချက်

          သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေ အခန်း(၆)၊အပိုဒ်(၁၇)အရ မည်သူမဆို သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးကို မြန်မာ့အာမခံထံမှ မသမာသောနည်းဖြင့် ထုတ်ယူခြင်း၊ ထုတ်ယူရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုလျှင် တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်။

 

Download Dead Form Download Third Party Liability Premium Rates


The Current Implementation of ASEAN Framework Agreement on the Facilitation of Goods in Transit: Protocol-5 (ASEAN Scheme of Compulsory Motor Vehicle Insurance)

  • ASEAN Framework Agreement on the Facilitation of Goods in Transit နှင့် GMS Cross Border Transport Agreement စာချုပ်များအရ အာဆီယံနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ပါ နိုင်ငံဖြတ်သန်းကုန်စည် သယ်ပို့ရန် ရှိပါသဖြင့် နယ်စပ် ဝင်ပေါက် ထက် ကျော်လွန်၍ အခြားနိုင်ငံများအထိ နိုင်ငံဖြတ်သန်းမည့် ကားများအတွက်ပါ သူတစ်ပါးထိခိုက်မှု အာမခံ ဆောင်ရွက်ပေးလျက် ရှိပါသည်။
  • လက်ရှိတွင် Transit ​နေရာများတွင်သာ ရောင်းချပေးလျက် ရှိနေသော်လည်း Online မှတစ်ဆင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
  • နယ်စပ်ဝင်ပေါက်များတွင် TPL Insurance Cover ဝယ်ယူမည်ဆိုပါက ယာဉ်နှင့် ပတ်သက်သော အထောက်အထားများ (Owner-book၊ Wheel-tax၊ Driving License) တင်ပြရမည်ဖြစ်ပြီး ၎င်းတို့သည် အဆင့်မီလိုင်စင် ဖြစ်ရပါမည်။
  • သက်တမ်းအနေဖြင့် တစ်လသတ်မှတ်ထားပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာချိန်တွင် အာမခံစတင်မည် ဖြစ်ပြီး ပြန်ထွက်ပြီးပါက သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။
  • အာမခံနှုန်းထားများမှာ ယာဉ်အမျိုးအစားပေါ် မူတည်၍ ( ကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀၊ ကျပ် ၇၀၀၀၀ ) တို့ ဖြစ်ပါသည်။
  • လူတစ်ဦးဒဏ်ရာရရှိခြင်းအတွက် အများဆုံးလျော်ကြေး – ကျပ် ၁၀၀၀၀၀၀/
  • လူတစ်ဦးသေဆုံးခြင်းအတွက် အများဆုံးလျော်ကြေး – ကျပ် ၁၀၀၀၀၀၀/-
  • ဖြစ်ရပ်တစ်ခုအတွက် အများဆုံးလျော်ကြေး- ကျပ် သိန်း ၈၀၀/-
  • Customs Transit ကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကညန၊ လဝက၊ အခွန် စသည့် ဌာနများဦးဆောင်၍ သက်ဆိုင်ရာဌာနအသီးသီးအလိုက် ကြိုတင် အစည်းအဝေးများ မကြာခဏပြုလုပ်လျက်ရှိပါသည်။
  • ပုံမှန်သွားလာမည့် Customer များအတွက် Short Term Policies အစား Annual Policies ထုတ်ပေးရန် နောင်တွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် Compulsory Insurance ကိုလက်ရှိတွင် ရောင်းချပေးနေပြီး နောက်ပိုင်းတွင် Voluntary Insurance ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
  • သတ်မှတ်ထားသော Time Frame အတွင်းပြီးမြောက်အောင် ဆောင်ရွက် နိုင်ရန် အတွက် မြန်မာနိုင်ငံအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီချက် များပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသကဲ့သို့ နည်းပညာများပြင်ဆင်လျက် ရှိနေ ပါသည်။
  • (၁၄.၁၂.၂၀၁၆) ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အာမခံကုမ္ပဏီဖြစ်သော Thai General Insurance Association – TGIA မှ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) သို့ လာရောက် တွေ့ဆုံပြီးနယ်စပ်ဖြတ်ကျော်မော်တော်ယာဉ် အာမခံလုပ်ငန်းအား (၂) နိုင်ငံ ပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါသည်။
  • (၁၂.၃.၂၀၁၉) ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံ လက်ခံ ခြင်းနှင့် လျော်ကြေးပေးချေခြင်း ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ် ချက်ဖြင့် မြန်မာ့အာမခံလုပ်ငန်းနှင့် ထိုင်းနိုင်ငံအခြေစိုက် Road Victim Protection (RVP) Company နှင့် Thai General Insurance Association – TGIA တို့မှ နှစ်နိုင်ငံ သဘောတူစာချုပ်အား ရေးထိုးခဲ့ပါသည်။
  • နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံ လက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်း များအား လျင်မြန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြားအာဆီယံနိုင်ငံများ နည်းတူ ASEAN Compulsory Motor Insurance (ACMI) စနစ်ဖြင့် Data များသိမ်းဆည်းမည် ဖြစ်ပါသည်။
  • ယာဉ်ထိခိုက်မှုဖြစ်ပွားလာပါက သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိဆောင်ရွက်နိုင်စေရန် နယ်စပ်ရုံးခွဲများဖြစ်သော မြဝတီ၊ မူဆယ်၊ တာချီလိတ်နှင့် ကလေး(တမူး) မြို့များတွင် အင်တာနက်လိုင်းများ တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိနေပါသည်။


နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံ

          နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံသည် မြန်မာနိုင်ငံ၏ နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ သွားလာမည့်ယာဉ် (သို့မဟုတ်) ပြည်ပနိုင်ငံတစ်နိုင်ငံမှ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ အခြားပြည်ပနိုင်ငံတစ်နိုင်ငံသို့ သွားလာမည့်ယာဉ်များကို အကာ အကွယ်ပေးသည့် သူတစ်ပါးထိခိုက်မှုအာမခံအမျိုးအစားဖြစ်ပါသည်။

          ယင်းအာမခံ၏သက်တမ်းမှာ (၁)လဖြစ်ပြီး ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် ခွဲခြား၍ ပရီမီယံကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀၊ ကျပ် ၇၀၀၀၀ နှုန်းဖြင့် ကောက်ခံပါသည်။ မော်တော်ယာဉ်အာမခံထားရှိရန်အတွက် ယာဉ်အမှတ်၊ ယာဉ်အမျိုးအစား၊ ယာဉ်အမျိုး အမည်၊ အင်ဂျင်အမှတ်၊ ဖရိန်အမှတ်နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူတို့ လိုအပ်ပါသည်။

          အာမခံအကာအကွယ်မှာ အာမခံထားသည့်ယာဉ်ထိခိုက်မှုကြောင့် သူတစ်ပါးသေဆုံး ခြင်း၊ ဒဏ်ရာရခြင်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးခြင်းတို့အတွက် ဖြစ်ပါသည်။ လူတစ်ဦးသေဆုံး/ ဒဏ်ရာရခြင်းအတွက် အများဆုံးလျော်ကြေး ကျပ် ၁၀၀၀၀၀၀/- ခံစားခွင့်ရရှိမည်ဖြစ်ပြီး ဖြစ်ရပ်တစ်ခုအတွက် အများဆုံးလျော်ကြေး ကျပ် သိန်း ၈၀၀ ဖြစ်ပါသည်။

          ပရီမီယံကြေးကို မြန်မာကျပ်ငွေဖြင့်သာ လက်ခံမည်ဖြစ်၍ မြန်မာကျပ်ငွေဖြင့် ပေးသွင်းရပါမည်။ လျော်ကြေးဖြစ်ပွားပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်း ကြားရပါမည်။

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃