ပညာရေးအသက်အာမခံ
- Saving Type
- အာမခံအမျိုးအစား
- နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံ -Double Benefit Plan (Death/TPD benefit+ Education benefit)
- အခြေခံအကျိုးခံစားခွင့်ပုံစံ – Basic Benefit Plan (Education benefit only)
- ပညာရေးအသက်အာမခံထားနိုင်သူများ
- ပေါ်လစီရှင်− အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦ: (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း
- အာမခံထားသူ−အာမခံပေါ်လစီစည်းကမ်းချက်များနှင့်အညီအာမခံပေါ်လစီစည်းကမ်း ချက်များနှင့်အညီ အာမခံအကာအကွယ်ရရှိထားသော လူပုဂ္ဂိုလ်တစ်ဦး
- မိမိသားသမီးများ၏ ပညာရေးအတွက် မိမိ၏အသက်ကို အာမခံထားရှိနိုင်
- အာမခံထားသူနှင့်ပေါ်လစီရှင်၏ မှတ်ပုံတင်မိတ္တူ(သို့)အိမ်ထောင်စုစာရင်းမိတ္တူလို
- အာမခံထားသူသည် အာမခံထားသည့်အချိန် အသက် ၁၈ နှစ်မှ ၅၆ နှစ်အတွင်းရှိသည့် မိခင်(သို့မဟုတ်)ဖခင်ကဝယ်ယူနိုင် (အာမခံထားသူ၏ အသက် ၆၅ နှစ် အထိသာ အာမခံထားရှိနိုင်သောကြောင့် အသက် ၅၆ နှစ်ရှိသူများအနေဖြင့် ၉ နှစ် အာမခံ သက်တမ်းကိုသာ ထားရှိနိုင်မည်)
- အာမခံသက်တမ်း ၉ နှစ်၊ ၁၁ နှစ် ၊ ၁၄ နှစ်
- ပရီမီယံသက်တမ်း ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်
- အာမခံထားငွေကို အနည်းဆုံးကျပ်သိန်း (၅၀) မှ အများဆုံးကျပ်သိန်း(၁၀၀၀) ထိ
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှအသိအမှတ်ပြုထားသောဆေးရုံ/ဆေးခန်းများမှဆရာဝန်များဖြင့်ဆေးစစ်ရန်၊အလိုအလျောက်ပေါ်လစီတည်မြဲစေရန်ပြန်လည်ဆေးစစ်မှုခံယူရလျှင် ဆေးစစ်ခကို ပေါ်လစီရှင်မှကျခံရ
- အလိုအလျောက်ပေါ်လစီတည်မြဲစေရန်ပေးရန် ကျန်ပရီမီယံပေါ်တွင် တစ်နှစ်လျှင် ၁၅% အတိုးထည့်သွင်းတွက်ချက်
- အာမခံထားငွေအပေါ်မူတည်၍ မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ထားသော ပမာဏ အတိုင်းဆေးစစ်ခအား ပြန်လည်ထုတ်ပေး
- ပရီမီယံကို ၁ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၁၂ လတစ်ကြိမ် အရစ်ကျ ပေးသွင်းနိုင်
- အာမခံတံဆိပ်ခေါင်းကပ်ရန်လို
ပညာရေးအသက်အာမခံအကျိုးခံစားခွင့်များ
စဉ် |
အကျိုးခံစားခွင့် |
Double Benefit Plan |
Basic Benefit Plan |
၁ |
သေဆုံးမှုအကျိုးခံစားခွင့် |
✔ |
|
၂ |
ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့် |
✔ |
|
၃ |
ပရီမီယံကင်းလွတ်ခွင့် |
✔ |
✔ |
၄ |
ပညာရေးအကျိုးခံစားခွင့် |
✔ |
✔ |
၅ |
ပေါ်လစီကိုစာရင်းပိတ်ခြင်း |
✔ |
✔ |
၆ |
အမ်းငွေထုတ်ယူခြင်း |
✔ |
✔ |
၇ |
ချေးငွေရယူနိုင်ခြင်း |
✔ |
✔ |
ပညာရေးအကျိုးခံစားခွင့်
- ပညာရေးအာမခံပေါ်လစီသည် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးသွားသော် လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံး ချိန်မှစ၍ အာမခံသက်တမ်းစေ့ရောက်သည့်နေ့အပါအဝင်တစ်နှစ်ပြည့်သည့်နေ့သို့ရောက်တိုင်း ပညာရေးအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၂၀% စီကို ပြန်လည်ထုတ်ပေးမည်
- ပရီမီယံနှုန်းကို အာမခံထားသူ၏အသက်၊ အာမခံထားငွေ၊ ပရီမီယံပေးသွင်းမည့် သက်တမ်းနှင့် အာမခံအမျိုးအစားတို့အပေါ်မူတည်၍တွက်ချက်
- (၁) နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်အတွက် အရစ်ကျပေးသွင်းရမည့် ပရီမီယံကို ပရီမီယံပေးသွင်းရန်စေ့သည့်နေ့မှ အပိုရက်ပေါင်း (၃၀) အတွင်းပေးသွင်းရန်
- (၁) လတစ်ကြိမ်အတွက် အရစ်ကျပေးသွင်းရမည့်ပရီမီယံကို ပရီမီယံပေးသွင်းရန် စေ့ သည့်နေ့မှ အပိုရက်ပေါင်း (၁၅) အတွင်း
- အပိုရက်အတွင်း ပရီမီယံပေးသွင်းရန်ပျက်ကွက်လျှင် ပေါ်လီစီပျက်ပြယ်
- ပရီမီယံအနည်းဆုံး (၃)နှစ်ပေးသွင်းပြီးပါက ပေါ်လစီအတည်ဖြစ်
- အကျိုးခံစားခွင့်ကို မည်သူကိုမဆို တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ ကြိုက် နှစ်သက်ရာ ရာခိုင်နှုန်းအချိုးအစားအလိုက် လွှဲပြောင်းပေးနိုင်
- ချေးငွေရယူပါက အမ်းငွေရသင့်တန်ဘိုး၏ ၉၀% အထိချေးယူနိုင်ပြီး ငွေတစ်ကြိမ်ချေး လျှင် ချေးခ ကျပ် ၁၀၀၀၊ ချေးငွေကျပ် ၁၀၀ လျှင် တစ်နှစ်အတွက် အတိုး ၁၅%
- ပေးသွင်းရသည့် ပရီမီယံပမာဏထက် ပိုမိုသော အကျိုးခံစားခွင့်ငွေရနိုင်ခြင်း
- ဝင်ငွေခွန်သက်သာခြင်း
- အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း
သေဆုံးမှုအကျိုးခံစားခွင့်
- နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံဝယ်ယူထားသော အာမခံထားသူသေဆုံးပါက အာမခံ ထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေး
- အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူသည် အသက် ၁၈ နှစ်မပြည့်သေးလျှင် အာမခံ လုပ်ငန်းလုပ်ပိုင်ကိုင်ခွင့် ဥပဒေ (၁၂) (စ) နှင့်အညီ မိဘအရင်း (သို့) တရားဝင် မွေးစား မိဘ(သို့) တရားဝင်အုပ်ထိန်းသူကို ထုတ်ပေး
- အာမခံထားရှိသူ သေဆုံးချိန်တွင် အကျိုးခံစားခွင့်လွှဲအပ်ခံရသူက သေဆုံးပြီး ဖြစ်ကာ အကျိုးခံစားခွင့်ထပ်မံလွှဲပြောင်းထားခြင်းမရှိလျှင် အာမခံလုပ်ငန်း လုပ်ကိုင် ခွင့်ဥပဒေ (၁၂)(ဆ)နှင့်အညီ ထုတ်ပေး
- ခင်ပွန်း/ဇနီး
- သားသမီး
- မြေး
- ညီအစ်ကို၊ မောင်နှမ
- မိဘ
- အာမခံထားသူသေဆုံးပြီး အလောင်းရှာမတွေ့ပါက (၂) နှစ်စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင် အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း တင်ပြရန်
သေဆုံးမှုအကျိုးခံစားခွင့် မရရှိနိုင်သောအချက်များ
- အာမခံထားသူသည် အာမခံသက်တမ်း (၁) နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း၊
- အာမခံဝယ်ယူစဉ်က ဖော်ပြထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် အာမခံသက်တမ်း (၁) နှစ်အတွင်း သေဆုံးခြင်း၊
- အမ်းငွေပမာဏကိုသာ အကျိုးခံစားခွင့်ရှိသူအားထုတ်ပေး
- ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့် မရရှိနိုင်သောအချက်များ
- ကြိုတင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ထာဝစဉ် လုံးဝမသန်စွမ်းဖြစ်ခြင်း၊
- မိမိကိုယ်ကိုသတ်သေခြင်းကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊
- မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊
- ဘေးအန္တရာယ်ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့် ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ခြင်း၊
- ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့်ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊
- အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း၊
- အမ်းငွေပမာဏကိုသာ ပေါ်လစီရှင်/အကျိုးခံစားခွင့်ရှိသူအား ပြန်ထုတ်ပေး
- အာမခံကိုယ်စားလှယ်ဖြင့်ဆောင်ရွက်နိုင်၊ ကော်မရှင်−ပထမနှစ်တွင် ပေးသွင်းသည့် ပရီမီယံပေါ်မှ (၉)နှစ် − ၁၅ ရာခိုင်နှုန်း၊ (၁၁) နှစ် −၂၀ ရာခိုင်နှုန်း၊ (၁၄) နှစ် −၂၈ ရာခိုင်နှုန်းနှင့် ကျန်သက်တမ်းများအတွက် ပရီမီယံပေါ်မှ ၃ ရာခိုင်နှုန်း
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”