ပြည်သူပြည်သားအသက်အာမခံ
- အသက် (၁၀) နှစ်မှအသက် (၅၅) နှစ် အထိရှိသော ပြည်သူပြည်သားတစ်ဦးအနေဖြင့် မိမိ ဆန္ဒအလျောက်ထားရှိနိုင်
- အာမခံသက်တမ်း အနည်း(၅) နှစ်ထားရှိနိုင်ပါသည်။
- အာမခံထားငွေအနည်းဆုံးကျပ်(၅)သောင်း၊ အများဆုံးကျပ်သန်း(၃၀)
- ပြည်သူပြည်သားအာမခံထားသူတိုင်းဆေးစစ်ရန်လိုအပ်
- ပရီမီယံပေးသွင်းသည့်နေ့မှ အာမခံစတင်၊ ပရီမီယံကို ၃ လ၊ ၆ လ၊ ၁ နှစ် အရစ်ကျပေး သွင်းနိုင်
- ရုံးခွဲများမှ အာမခံထားငွေကျပ် (၅) သောင်းထိ လက်ခံဆောင်ရွက်ပြီးစာချုပ်ထုတ်ပေး၊ အာမခံထားငွေကျပ် (၅) သောင်းအထက်ထားရှိမှုအတွက် ရုံးခွဲမှလက်ခံဆောင်ရွက်ပြီး ပါက စာချုပ်ထုတ်ပေးရန် ရန်ကုန်ရုံးချုပ်အလုပ်လက်ခံဌာနသို့ ပေးပို့ရ
- အာမခံကိုယ်စားလှယ်မှတစ်ဆင့်အာမခံထားရှိနိုင်
- ကိုယ်စားလှယ်ကော်မရှင်ပ-နှစ်ပေးသွင်းပရီမီယံ၏ ၂၀% နှင့်ကျန်နှစ်များတွင်ပေးသွင်း ပရီမီယံ၏ ၅%
- အာမခံတံဆိပ်ခေါင်းကပ်ရန်လို (အာမခံထားငွေ ၁ သိန်းလျှင် ၃၀ ကျပ်နှုန်း)
ပြည်သူပြည်သားအသက်အာမခံ တို့တွင် ရရှိနိုင်သောအကျိုးခံစားခွင့်များ
- အမ်းငွေတောင်းခံငွေ
- နှစ်စေ့တောင်းခံငွေ
- ချေးငွေတောင်းခံငွေ
- သေဆုံးမှုတောင်းခံငွေ
- စာရင်းပိတ်တန်ဘိုးတောင်းခံငွေ
- တန်ဖိုးလျော့တောင်းခံငွေ
- ထာဝစဉ်မသန်စွမ်းတောင်းခံငွေ
အမ်းငွေတောင်းခံငွေ
- အာမခံသက်တမ်း ၅ နှစ်မှ ၁၂ နှစ်အထိ ပရီမီယံပေးပြီး ၂ နှစ်၊ အာမခံ သက်တမ်း ၁၃ နှစ် ထားသည့် ပေါ်လစီများအတွက် ပရီမီယံပေးပြီး ၃ နှစ်ဆက်တိုက်ပေးသွင်းပြီး အာမခံ ထားသူဝန်ထမ်းသည် အလုပ်မှနှုတ်ထွက်ခြင်း၊ အငြိမ်းစားယူခြင်း၊ ထုတ်ပယ်ခြင်းတို့ ကြောင့် ပရီမီယံဆက်လက်မပေးသွင်းခဲ့လျှင် အမ်းငွေရသင့်တန်ဘိုးဇယားအရ (သို့) ပေးသွင်းပြီး ပရီမီယံ၏ ၈၀% ကို အမ်းငွေရရှိနိုင်
နှစ်စေ့တောင်းခံငွေ
- အာမခံထားရှိသည့်ဝန်ထမ်း အာမခံသက်တမ်းပြည့်သည့်အခါ နှစ်စေ့တောင်းခံငွေရရှိ နိုင်
- အာမခံထားသူတွင်ပရီမီယံလိုငွေများ၊ ချေးငွေများ၊ ချေးငွေအပေါ်ကျသင့်အတိုးများ၊ အခြားလိုငွေများကိုစုပေါင်း၍ အာမခံထားငွေပေါ်မှ နှုတ်ပြီးကျန်ငွေကို ထုတ်ပေး
ချေးငွေတောင်းခံငွေ
- ချေးငွေတောင်းခံငွေအာမခံသက်တမ်း ၅ နှစ်မှ ၁၂ နှစ်အထိ ပရီမီံယံပေးပြီး ၂ နှစ်၊ အာမခံသက်တမ်း ၁၃ နှစ်ထားသည့် ပေါ်လစီများအတွက် ပရီမီံယံပေးပြီး ၃ နှစ်ဆက် တိုက်ပေး သွင်းပြီးမှသာ အမ်းငွေ၏ ၉၅% ချေးငွေရရှိနိုင်၊ ချေးငွေဇယားအရထုတ်ပေး
- ငွေတစ်ကြိမ်ချေးခ ၅ ကျပ်၊ နှစ်ဦးသဘောတူငွေချေးခံဝန်ကတိစာချုပ်
- ချေးငွေ ၁၀၀ ကျပ်လျှင် ၆ ၁/၄ အတိုး
သေဆုံးမှုတောင်းခံငွေ
- ပေါ်လစီသက်တမ်း တည်မြဲနေချိန်ကာလအတွင်း အာမခံထားသူကွယ်လွန်လျှင် အကျိုး ခံစားခွင့်လွှဲပြောင်းခြင်းခံရသူအားထုတ်ပေး
- အာမခံထားသူသည် အာမခံသက်တမ်းနှစ်စေ့ပြီးမှကွယ်လွန်ခြင်း အကျိုးခံစားခွင့်ရှိသူ အာမခံထားသူထက်စော၍ကွယ်လွန်ပါကအာမခံထားသူ၏အမွေဆက်ခံခွင့်ရှိသူကို ထုတ်ပေး
စာရင်းပိတ်တန်ဘိုးတောင်းခံငွေ
- အာမခံထားသူသည် ပေါ်လစီအတည်ဖြစ်ပြီးနောက် ပရီမီယံဆက်လက်ပေးသွင်းခြင်း မပြုလိုသောကြောင့် စာရင်းပိတ်ထားသည့် ပေါ်လစီ
- ပြည်သူ့ဝန်ထမ်းများ ဝန်ထမ်းလုပ်သက်ကာလအတွင်း စာရင်းပိတ်ပေါ်လစီမပြုလုပ်နိုင် သော်လည်း အငြိမ်းစားယူသည့်အခါ သို့မဟုတ် အလုပ်မှတာဝန်မှရပ်စဲသည့်အခါတွင် စာရင်းပိတ်ပေါ်လစီပြုလုပ်နိုင်
- စာရင်းပိတ်တန်ဘိုးကိုအာမခံသက်တမ်း၊ ပရီမီယံပေးသွင်းပြီးနှစ်နှင့် အာမခံထားငွေ ပေါ်မှ အချိုးကျတွက်ချက်ထုတ်ပေး
တန်ဘိုးလျော့တောင်းခံငွေ
- အာမခံသက်တမ်းမစေ့မှီ အာမခံထားငွေကိုထုတ်ယူလိုလျှင် အာမခံတန်ဘိုးကို လျော့၍ ထုတ်ပေးငွေ
- အာမခံသက်တမ်းစေ့ရန် ၂ နှစ်အလိုတွင် အာမခံထားသူ၏ဆန္ဒအရ တန်ဘိုးလျော့ တောင်းခံငွေထုတ်ယူနိုင်
ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်တောင်းခံငွေ
- အာမခံသက်တမ်းအတွင်းပေါ်လစီတည်မြဲနေချိန်တွင်ရုတ်တရက်ထိခိုက်မှုကြောင့် သော်ကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဉ်မသန်စွမ်းဖြစ်၍အလုပ်အကိုင် မလုပ်ကိုင်နိုင်လျှင်ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်တောင်းခံငွေရှိ
- ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ဖြစ်သည့်နေ့မှရက်ပေါင်း ၉၀ အတွင်းအကျိုးခံစားခွင့် တောင်းခံရန်
- ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ
- မျက်စိနှစ်လုံးကွယ်ခြင်း
- လက်နှစ်ဖက်လုံးပြတ်ခြင်း
- ခြေနှစ်ဖက်လုံးပြတ်ခြင်း
- ခြေတစ်ဖက်လက်တစ်ဖက်ပြတ်ခြင်း
- မျက်စိတစ်လုံးကွယ်၍ လက်တစ်ဖက်ပြတ်ခြင်း ခြေတစ်ဖက်ပြတ်ခြင်း
(သို့ရာတွင် သေရည်သောက်စားခြင်း၊ ကာလသားရောဂါဖြစ်ခြင်း၊ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိ ကိုယ်ကိုအနာတရရအောင်ပြုလုပ်ခြင်း၊ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကိုမှီဝဲခြင်းကြောင့် ဖြစ်ပေါ်လာသောမသန်စွမ်းများအတွက် အကျိုးခံစားခွင့်ရရှိ လိမ့်မည်မဟုတ်ပါ။)
- ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်သည်အောက်ဖော်ပြပါပေါ်လီစီများနှင့် မသက်ဆိုင်ပါ
- ကျန်းမာရေး (သို့) အလုပ်အကိုင်ကိုအကြောင်းပြု၍သော်လည်းကောင်း
- ကျန်းမာရေးမပြည့်စုံ၍အထူးသတ်မှတ်သည့်စည်းကမ်းချက်များပါသောပေါ်လီစီ
- ဝင်ငွေခွန်သက်သာခြင်း
- အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”