စာသင်သားအသက်အာမခံ
- တစ်ဦးချင်းထားရှိသည့် ငွေပင်ငွေရင်းအသက်အာမခံအမျိုးအစား Endowment Life Insurance
- သားသမီးများ၏ပညာရေးစဉ်ဆက်မပြတ်ရည်မှန်းချက်ပြည့်သည်အထိ သို့မဟုတ် ဘွဲ့ရ သည်အထိ ငွေကြေးကိစ္စပူပန်ကြောင့်ကြမှုမရှိစေရဘဲ ပညာသင်ကြားနိုင်ရန်။
- စာသင်သားအသက်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ −
- အာမခံထားသူရင်သွေးငယ် အသက် ၁၇ နှစ် (နောက်မွေးနေ့) မှစ၍ အသက် ၂၀ အထိ ၄ နှစ်အရစ်ကျပညာသင်စရိတ်ရရှိနိုင်။
- အာမခံသက်တမ်းအတွင်း အာမခံဝယ်သူ (မိဘ) သေဆုံး၊ ထာဝစဉ်မသန်စွမ်း ဖြစ်ပါ ကကျန်ရှိသောပရီမီယံဆက်လက်ပေးရန်မလိုဘဲ စာသင်သားအသက်အာမခံ အကျိုး ခံစားခွင့်ကို အာမခံထားသူရင်သွေးငယ်ခံစားခွင့်ရှိ။
- အာမခံထားသူကလေး အသက် ၁ နှစ်မှ ၃ နှစ်အတွင်းသေဆုံးပါက အာမခံထားငွေ၏ ၂၅% ၊ ၃ နှစ်ကျော်ပါက အာမခံထားငွေအတိုင်း အကျိုးခံစားခွင့်ရရှိနိုင်။
- အာမခံဝယ်သူ (မိဘ) ပေးသွင်းရသည့်ပရီမီယံအတွက် ဝင်ငွေခွန်သက်သာခွင့်ရှိ။
- စာသင်သားအသက်အာမခံမှရရှိသည့်အကျိုးခံစားခွင့်ကိုမည်သည့်ကြွေးရှင်မှဝရမ်းမကပ်နိုင်။
- အာမခံအကျိုးခံစားခွင့်အပေါ်တွင် အခွန်ပေးဆောင်ရန်မလို။
- စာသင်သားအသက်အာမခံအကျိုးခံစားခွင့်များ−
- (၁) ပညာသင်ထောက်ပံ့ကြေးအကျိုးခံစားခွင့် (Cash Payout Benefit)
- (၂) သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
- (၃) ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့် (Permanent Total Disability Benefit)
- (၄) ပရီမီယံပေးသွင်းခြင်းမှကင်းလွတ်ခွင့်ရရှိနိုင်ခြင်း (Premium Waiver Benefit)
- စာသင်သားအသက်အာမခံပေါ်လစီမှရရှိနိုင်သည့် အခြားခံစားခွင့်များ
- (၁) အာမခံဝယ်ယူသူမှ ပေါ်လစီကို စာရင်းပိတ်နိုင်ခြင်း (Paid-up)
- (၂) အာမခံဝယ်ယူသူမှ အမ်းငွေထုတ်ယူနိုင်ခြင်း (Surrender Value) (၃ နှစ်ဆက်တိုက်ပရီမီယံပေးသွင်းပါက အမ်းငွေထုတ်ယူနိုင်)
- (၃) စာသင်သားအသက်အာမခံပေါ်လစီမှ ငွေချေးယူနိုင်ခြင်း (Policy Loan)
(အမ်းငွေရသင့်တန်ဖိုး၏၉၀ % ချေးငွေရရှိနိုင်၊ ချေးငွေကျပ် ၁၀၀ လျှင် ၁ နှစ်အတိုး ၁၃%၊ ချေးငွေကို တစ်လုံးတည်းပြန်ဆပ်ရန်၊ ငွေတစ်ကြိမ်ချေးခ ၁၀၀၀ ကျပ်)
- အာမခံဝယ်သူ(မိဘ)/အာမခံထားသူ(ရင်သွေးငယ်)သည် အောက်ပါတို့ကြောင့် အာမခံစ သည့်နေ့မှတစ်နှစ်အတွင်း သေဆုံးခဲ့လျှင် သေဆုံးမှုအကျိုးခံစားခွင့်မရှိ
- (က) မိမိကိုယ်ကိုသတ်သေခြင်း။
- (ခ) အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ၁ နှစ်အတွင်း သေဆုံးခြင်း။
- အာမခံဝယ်သူ Policy Holder (မိဘ)/ အာမခံထားသူ Insured (ရင်သွေးငယ်) သည် အောက်ပါတို့ကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် အကျိုးခံစားခွင့်မရှိ
- (က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်ပြုလုပ်ခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
- (ခ) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
- (ဂ) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
- (ဃ) ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
- (င) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
- (စ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း။
- အာမခံထားသူနှင့်ပေါ်လစီရှင်၏ မှတ်ပုံတင်မိတ္တူ(သို့) အိမ်ထောင်စုစာရင်းမိတ္တူ (သို့) မွေး စာရင်းမိတ္တူလိုအပ်။
- အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသည့် ဖခင် (သို့မဟုတ်) မိခင်က ဝယ်ယူနိုင်။
အာမခံသက်တမ်းကို သားသမီးတက္ကသိုလ်ရောက်မည့်နှစ် အသက် ၁၇ နှစ် ကိုချိန်၍ ထားရန်)
- အသက် ၁ နှစ် ((၃၀)ရက်သား) မှ ၁၂ နှစ်အတွင်းရှိသူ သားသမီးအားထားပေးနိုင်။
- အာမခံထားသူ ရင်သွေးငယ် အသက် ၁၃ နှစ်ဖြစ်ပါက စာသင်သားအသက်အာမခံဝယ်၍ မရ။
- အာမခံသက်တမ်း အနည်းဆုံး ၈ နှစ် အများဆုံး ၁၉ နှစ်။
- ပရီမီယံသက်တမ်း အနည်းဆုံး ၅ နှစ် အများဆုံး ၁၆ နှစ်။ (၃ နှစ်ဆက်တိုက်ပရီမီယံပေး သွင်းပြီးမှသာ ပေါ်လစီအတည်ဖြစ်)
- ပေါ်လစီတစ်စောင်တွင် သားသမီးတစ်ဦးတည်းကိုသာ အာမခံထားရန်။
- ပထမအရစ်ပရီမီယံလက်ခံပြီးသည်နှင့် အာမခံသက်တမ်းစတင်။
- အာမခံပေါ်လစီကို အာမခံဝယ်ယူသူ မိဘအမည်ဖြင့်ထုတ်ပေး။
- အနည်းဆုံး ကျပ် ၁၀ သိန်း မှ အများဆုံးကျပ်သိန်း ၁၀၀၀ ထိ အာမခံထားနိုင်။
- ပရီမီယံကို ၁ နှစ်၊ ၆ လ၊ ၃ လ၊ ၁ လတစ်ကြိမ် ပေးသွင်းနိုင်။
- ပရီမီယံ ၁ လတစ်ကြိမ်ပေးသွင်းခြင်းတွင် အပိုပရီမီယံပေးသွင်းရက် ၁၅ ရက်
- ၃ လ၊ ၆ လ တစ်ကြိမ်ပေးသွင်းခြင်းများအတွက် အပိုပရီမီယံပေးသွင်းရက် ၃၀ ရက်
- ပျက်သည့်ပေါ်လစီတည်မြဲစေရန် ပေးသွင်းရန်ကျန်ရှိသည့်ပရီမီယံနှင့်အတိုးကို ကုမ္ပဏီမှ ရရန်ရှိငွေများကို အမ်းငွေရသင့်တန်ဖိုးမှ အရစ်ကျနှုတ်ယူပြီး အလိုအလျောက်ပေါ်လစီ တည်မြဲစေနိုင်။ (ကျန်ပရီမီယံငွေပေါ်တွင် တစ်နှစ်လျှင် ၁၃% အတိုးထည့်သွင်းတွက်ချက်)
- ပမာဏတူပရီမီယံကို အာမခံသက်တမ်းတစ်လျောက် ပေးသွင်းရန်။
- အာမခံဝယ်ယူသူနှင့် အာမခံထားသူတို့သည် လိုအပ်ပါက အာမခံထားငွေအရသော်လည်း ကောင်း အသက်အရသော်လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိ အမှတ်ပြုဆေးရုံ(သို့) ဆေးခန်းတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန်။
- အာမခံထားသူသေဆုံးပြီး အလောင်းရှာမတွေ့ပါက ၂ နှစ်စောင့်ဆိုင်း
- အာမခံထားသူနှင့်ရင်သွေးငယ်ပါ သေဆုံးလျှင်အကျိုးခံစားခွင့်ကို အာမခံလုပ်ငန်းလုပ် ကိုင်ခွင့်ဥပဒေ (၁၂) (ဆ) နှင့်အညီတစ်လုံးတည်းပေး။
- ပညာသင်ထောက်ပံ့ငွေအကျိုးခံစားခွင့်ကို အာမခံထားသူရင်သွေးငယ်အသက် ၁၇ နှစ်မှစ ၍ အောက်ပါအတိုင်း ၄ ရစ် ခွဲ၍ ခံစားခွင့်ရှိ
- အသက် ၁၇ နှစ် အာမခံထားငွေ၏၂၅%
- အသက် ၁၈ နှစ် အာမခံထားငွေ၏၂၅%
- အသက် ၁၉ နှစ် အာမခံထားငွေ၏၂၅%
- အသက် ၂၀ နှစ် အာမခံထားငွေ၏၂၅%
- အာမခံထားသူ ရင်သွေးငယ် အသက် ၁၈ နှစ်အောက်ဖြစ်လျှင် တရားဝင်အုပ်ထိန်းသူကို အချိုးကျခွဲပေး
- အာမခံကိုယ်စားလှယ်ဆောင်ရွက်ခွင့်ရှိ ကော်မရှင်နှုန်းထားမှာ ပထမနှစ်တွင် ပေးသွင်း သည့် ပရီမီယံပေါ်မှ ၂၀% ကျန်သက်တမ်းတလျောက်တွင် တည်မြဲရေးပရီမီယံပေါ်မှ ၃% ခံစားခွင့်ပြု။
- အာမခံတံဆိပ်ခေါင်းကပ်ရန်လိုအပ်
- အာမခံဝယ်ယူသူ (မိခင်/ဖခင်) သည် ပေးသွင်းရသည့် ပရီမီယံအတွက် ဝင်ငွေခွန်သက်သာခွင့်ရှိပါသည်။
- အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ပေးဆောင်ရန်မလိုပါ။
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”