တစ်လုံးတည်းပေးငွေပင်ငွေရင်းအသက်အာမခံ
- အာမခံအမျိုးအစား
- တစ်ဦးချင်းထားရှိနိုင်သည့် ငွေစုဆောင်းသည့် ငွေပင်ငွေရင်းအသက်အာမခံ
- အာမခံထားနိုင်သူ
- အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း(မြန်မာနိုင်ငံသား၊ တရားဝင်လာရောက်နေထိုင် သည့် နိုင်ငံခြားသားများထားရှိနိုင်)
- အာမခံထားငွေ
- အနည်းဆုံး ကျပ်သိန်း (၅၀) မှ ကျပ်သိန်း (၂၅၀)
- အာမခံသက်တမ်း
- ပရီမီယံပေးသွင်းခြင်း
- ပရီမီယံနှုန်း
- အာမခံထားသူအသက်၊ အာမခံထားငွေနှင့်အာမခံသက်တမ်းတို့ပေါ်မူတည် တွက်ချက်
- ကျန်းမာရေးစစ်ဆေးခြင်း
- လိုအပ်ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသိအမှတ်ပြု ဆေးရုံ၊ ဆေး ခန်းများတွင် ဆေးစစ်မှုခံယူရန်
- အကျိုးခံစားခွင့်များ
- နှစ်စေ့အကျိုးခံစားခွင့် (Maturity Benefit)
- သေဆုံးအကျိုးခံစားခွင့်(Death Benefit)
- အာမခံသက်တမ်း ၅ နှစ်ထားရှိသူသည် အာမခံသက်တမ်း ၁ နှစ်အတွင်း သေဆုံး ခဲ့ပါက ပေးသွင်းပရီမီယံနှင့် ယင်းအပေါ်တွင် ၃% အတိုးနှုန်းဖြင့် တွက်ချက်ထား သော အတိုးတို့ကိုပေါင်း၍ ထုတ်ပေးမည်
- အာမခံသက်တမ်း ၄ နှစ်ထားရှိသည် အာမခံသက်တမ်း ၁ နှစ်အတွင်း သေဆုံး ခဲ့ပါက ပေးသွင်းပရီမီယံနှင့် ယင်းအပေါ်တွင် ၂% အတိုးနှုန်းဖြင့် တွက်ချက်ထား သော အတိုးတို့ကိုပေါင်း၍ ထုတ်ပေးမည်
- အာမခံသက်တမ်း ၃ နှစ်ထားရှိသည် အာမခံသက်တမ်း ၁ နှစ်အတွင်း သေဆုံးခဲ့ပါ ကပေးသွင်းပရီမီယံနှင့် ယင်းအပေါ်တွင် ၁% အတိုးနှုန်းဖြင့် တွက်ချက်ထားသော အတိုး တို့ကိုပေါင်း၍ ထုတ်ပေးမည်
- မည်သည့်အာမခံသက်တမ်းမဆို အာမခံထားသူသည် အာမခံသက်တမ်း ၁ နှစ် ကျော်သည့်အချိန်တွင် သေဆုံးပါက အာမခံထားငွေကိုသာ ထုတ်ပေးမည်
- အခြားခံစားခွင့်များ
- အမ်းငွေထုတ်ယူနိုင်ခြင်း
- ချေးငွေရယူနိုင်ခြင်း(အမ်းငွေရသင့်တန်ဖိုး၏၈၀%ကို ချေးယူနိုင်၊ ချေးငွေ ၁၀၀ ကျပ် လျှင် ၁ နှစ်အတွက် ၉.၅% အတိုး၊ ငွေတစ်ကြိမ်ချေးခ ၁၀၀၀ ကျပ်၊ ချေးငွေကို တစ်လုံး တည်းပြန်ဆပ်ရန်)
- အကျိုးခံစားခွင့်မရနိုင်သည့်ကိစ္စများ
- အောက်ပါဖြစ်ရပ်များကြောင့် သေဆုံးမှုအကျိုးခံစားခွင့်မရရှိနိုင်သော်လည်း ပေးသွင်း ပရီမီယံကိုသာ ပြန်လည်ထုတ်ပေးမည်
- အာမခံသက်တမ်းစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း
- အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် တစ်နှစ် အတွင်းသေဆုံးခြင်း
- အာမခံကိုယ်စားလှယ်ဆောင်ရွက်နိုင်၊ ကော်မရှင်နှုန်း ၀.၅%
- အာမခံတံဆိပ်ခေါင်းကပ်ရန်လို
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”