- အသက်ကန့်သတ်ချက်မရှိ ကျား/ မ မရွေးထားရှိနိုင်
- အရွယ်မရောက်သေးသူများအတွက် အရွယ်ရောက်သူကထားပေးနိုင်
- တစ်ယူနစ် အာမခံထားငွေကျပ် (၅) သိန်း၊ ၁ နှစ်သက်တမ်း၊ ကျသင့်ပရီမီယံကျပ် ၅၀၀/- နှုန်း
- အနည်းဆုံး ၁ ယူနစ်မှ အများဆုံး ၁၀ ယူနစ်၊ အာမခံထားငွေအများဆုံး ကျပ်သိန်း (၅၀) အထိ ထားရှိနိုင်
- အာမခံသက်တမ်းအတွင်း မြွေကိုက်ခံရခြင်းကြောင့် သေဆုံးလျှင်ကျပ် ၁ယူနစ် အတွက် (၅) သိန်း၊ ဆေးဝါး ကုသစရိတ် အများဆုံးကျပ် ၈၀၀၀၀/- ရရှိနိုင်
- သယ်ယူပို့ဆောင်စရိတ်ကျပ် ၅၀၀၀/- ၊ ဆေးရုံတက်ရက်( ၁ )ရက်အတွက် ကျပ် ၁၀၀၀/-နှုန်း ဖြင့် (၇) ရက် အထိအများဆုံးခွင့်ပြု
- မြွေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်းမျက်စိ ၂ လုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်း သေခြင်း၊ခြေချောင်းလက်ချောင်းများဖြတ်တောက်ရခြင်းတို့အတွက်ကျန်းမာရေးဌာန၏ ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့်ငွေကျပ် ၂၅၀၀၀၀/- ထုတ်ပေး
- မြွေကိုက်ခံရသည့်နေ့မှ (၆) လအတွင်းအကျိုးခံစားခွင့်ကို အောက်ပါအထောက်အထား များဖြင့် တင်ပြတောင်းခံရန်
- ဆေးဝါးကုသမှုခံယူသည့်ကျေးလက်ကျန်းမာရေးဆေးခန်း (သို့) တိုက်နယ်ဆေးရုံ (သို့) မြို့နယ်ဆေးရုံ (သို့) ကျန်းမာရေးဦးစီးဌာန၏ထောက်ခံချက်
- ဆေးရုံတက်ရောက်ကုသသည့်ဆေးမှတ်တမ်းစာအုပ်မိတ္တူ
- ဆေးဝါးကုန်ကျစရိတ်အတွက် ပြေစာ/ဘောက်ချာများ
- သေဆုံးလျှင်သေစာရင်းမိတ္တူ
- နေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- အာမခံကိုယ်စားလှယ်မှတစ်ဆင့်ထားရှိနိုင်၊ ကော်မရှင် ၈%
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”