cmn_banner

အလုံးစုံမော်တော်ယာဉ်အာမခံ

၁။  အလုံးစုံမော်တော်ယာဉ်အာမခံသည် အာမခံထားသူဆန္ဒအရ ထားနိုင်သော အာမခံအမျိုးအစား (Voluntary Insurance) ဖြစ်ပါသည်။ အာမခံသက်တမ်းမှာ အများဆုံး (၁) နှစ်ဖြစ်ပြီး၊ (၃) လ၊ (၆) လ၊ (၉) လ သက်တမ်းလည်း ထားရှိနိုင်ပါသည်။
၂။ အာမခံထားခြင်းဖြင့် ရနိုင်မည့် အကျိုးကျေးဇူးများ
  (က) အာမခံထားသည့်ယာဉ်အတွက်-
   
  • မတော်တဆထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်း၊
  • ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း၊
  • မီးလောင်ပျက်စီးခြင်း၊
  • ယာဉ်မလိုတမာဖျက်ဆီးခံရခြင်း၊
  • ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ်ပျက်စီးခြင်း၊
  • သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ဆူပူထကြွ မငြိမ်မသက်ဖြစ်ခြင်းကြောင့် ပျက်စီးခြင်း
  (ခ)

သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းများအတွက် –

အာမခံထားသည့်ယာဉ်ဖြင့် ထိခိုက်မှုကြောင့် သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အတွက် ပေးလျော်ခြင်းနှင့် အာမခံထားသည့်ယာဉ်ကြောင့် အခြားသူတစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာ ရခြင်းအတွက် အများဆုံး ကျပ် ၁၀ သိန်းပေးလျော်ခြင်း။ (ဖြစ်ရပ်တစ်ခုအတွက် လျော်ကြေး အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ပါသည်။)

၃။ 

ယာဉ်၏ အာမခံတန်ဖိုး၊ အင်ဂျင်စွမ်းအား (Cubic Capacity) တင်ဆောင်နိုင်သည့် လူဦးရေ၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) အငှားယာဉ် စသည့်အချက်များပေါ်တွင် မူတည်၍ ကျသင့်ပရီမီယံကို တွက်ချက်ခြင်းဖြစ်ပါသည်။ ဥပမာ- တန်ဖိုးကျပ်သိန်း ၁၀၀ ဖြင့် အာမခံထားရှိမည်ဆိုပါက ပရီမီယံနှုန်းမှာ ကိုယ်ပိုင်ယာဉ်များအတွက် ၁.၁% ခန့်နှင့် အငှားယာဉ်များအတွက် ၁.၆% ခန့် ကျသင့်ပါမည်။

(အပို အကာအကွယ်- သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်၊ ခိုးယူမှု၊ Nil Excess နှင့် လေကာမှန်တန်ဖိုး ကျပ် ၁ သိန်းအပါအဝင်)

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃