စုပေါင်းအသက်အာမခံ
- အလုပ်ရှင်၏ဆန္ဒအရ (သို့မဟုတ်)အလုပ်သမားများ၏ဆန္ဒအရ အာမခံထား ရှိနိုင်
- အသက် (၁၈) နှစ်မှ (၆၀) နှစ်
- အနည်းဆုံးအလုပ်သမား (၅) ဦး
- မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သူ
- အလုပ်ရှင်ကအလုပ်သမားများကျန်းမာကြောင်းထောက်ခံချက်လိုအပ်
- အာမခံထားငွေအနည်းဆုံးကျပ် ၁၀၀၀၀/-မှ အများဆုံးကျပ် (၅) သန်း
- အာမခံသက်တမ်း (၁) နှစ်
- အသက် (၄၅) နှစ်ကျော်လျှင်/ အာမခံထားငွေကျပ် (၁) သန်းအထက်ကျော်လျှင် အထူးကု ဆရာဝန်၏ ဆေးစစ်ချက်လိုအပ်
- အာမခံထားငွေကျပ် ၁၀၀၀၀/- တစ်နှစ်ကျသင့်ပရီမီယံကျပ် ၁၀၀/-
- အာမခံကိုယ်စားလှယ်မှတစ်ဆင့်ထားရှိနိုင်၊ကော်မရှင်နှုန်းပေးသွင်းပရီမီယံ၏ ၁၅%
- ထာဝစဉ်မစွမ်းမသန်ဖြစ်၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် အာမခံထားငွေ၏ ၁၀၀% အကျိုးခံစားခွင့်ရှိ
- အာမခံထားသူများစာရင်းတွင်ပါဝင်သည့်အလုပ်သမားတစ်ဦးသည်လုပ်ငန်းခွင်မှအပြီး ထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း၊ ယင်းနေ့ ရက်နောက်ပိုင်း ဖြစ်ပေါ်သောသေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းအတွက် နစ်နာကြေးရခွင့်မရှိ
- အလုပ်သမားကိုယ်တိုင်ပြစ်မှုကျူးလွန်ခြင်း၊ဒဏ်ရာရရှိအောင်ဆောင်ရွက်ခြင်းတို့အတွက် နစ်နာကြေးရခွင့်မရှိ
- အလုပ်သမားသည်အာမခံသက်တမ်းအတွင်းသေဆုံးခြင်း၊ ဒဏ်ရာရခြင်းဖြစ်ပါက တစ်လ အတွင်း မြန်မာ့အာမခံလုပ်ငန်းသို့ သတင်းပေးပို့၍ အကျိုးခံစား ခွင့်တောင်းခံရန်
- အာမခံတံဆိပ်ခေါင်းကပ်ရန်လိုအပ်
“သင်နှင့် သင့်မိသားစု အနာဂတ်ဘဝလုံခြုံဖို့ မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားကြစို့”